Online Foreign AI Project Opportunity (Myanmar Version)
- Dec 7, 2020
- 1 min read
Updated: Jul 6, 2021
Foregin AI Project ကို volunteer အနေ နဲ့ part-time လုပ်နိုင်မယ့် အခွင့်အရေး ကို sharing လုပ်ပေးချင်ပါတယ်။

omdena.com ဆိုတဲ့ website က လစဉ်လတိုင်း နိုင်ငံတစ်ကာ AI project အတွက် volunteer ခေါ်တဲ့ အဖွဲ့အစည်းတစ်ခု ပါ။
" Omdena is based in California and Omdena collaborative AI projects run for two months and are a unique opportunity to work with AI practitioners from around the world whilst solving grand challenges. You augment both your soft and hard skills and get access to mentors, world-class tools, and courses "
AI project ကို international က Machine Engineers အယောက် 50 + Lead AI Mentors တွေနဲ့ ပေါင်းလုပ်ရတယ်။ project ကြာချိန်က ၂ လဆိုတော့ တော်တော်အဆင်ပြေတယ်။
project အတွက် volunteering application form တော့ဖြည့်ရတယ်။ form ကို အောက်မှာ ပြထားပါတယ်။ applicant အယောက် 1000 + ထဲက ပြန်ရွေးတာပါ။
Form ထဲမှာ project အတွက် ကိုယ်ဘယ် role လုပ်ချင်လဲ ရွေးရတယ်။ Project Manager ၊ Lead ML Engineer ၊ ML Engineer ၊ Junior ဆိုပြီးကြိုက်တာရွေးလို့ ရတယ်။ ကျွန်တော်ကတော့ Junior role ရွေးပြီးလျှောက်လိုက်တာ ကံကောင်းစွာနဲ့ အရွေးခံလိုက်ရပါတယ်။
Project ပြီးသွားရင် ရရှိတယ့် အခွင့်အရေးတွေကတော့
1) Certificate
2) Get 12-month free access to top online paid courses (eg-DataCamp)
3) World Wide AI Community
4) And more . . .
Project Completion ကတော့ ကိုယ့်ရဲ့ contribution နဲ့ဆိုင်ပါတယ်။ ကိုယ့် contribution အပေါ်မူတည်ပြီး rank သတ်မှတ်ပေးပါတယ်။
ကိုယ်က contribution နည်းရင် certificate မရပါဘူး။ project ကနေ အထုတ်ခံရတတ်တယ်။
ကိုယ်က contribution များရင် certificate ရတဲ့အပြင် နောက် project တွေ လျှောက်မယ်ဆိုရင် ၆ လ အတွင်း form ဖြည့်စရာ မလိုပဲနဲ့ တစ်ခြား project တွေမှာ ဝင်ပါလို့ရတယ်။
ရရှိမယ့် Benefits အပြည့်အစုံတွေကိုတော့ ဒီ link မှာ ကြည့်ကြည့်ပါ။
https://omdena.com/community/
AI project အတွက် စမ်းချင်နေတဲ့ Myanmar က Machine Learning Engineer တွေကိုလျှောက်စေချင်ပါတယ်။ ကိုယ်ကလဲ Machine Learning/ Deep Learning Theory ၊ Algorithms ၊ hands on skill ၊ collaborative tools တွေသုံးတတ်နေပြီ AI project လဲစမ်းချင်တဲ့သူတွေ ဝင်လျှောက်ဖို့ တိုက်တွန်းပါတယ်။
အခု project application လျှောက်လို့ရပါသေးတယ်။ https://omdena.com/projects
Sample certificate 👇🏻

Comments